Powered By Blogger

Wednesday, March 20, 2013

Onda MID Tableလေးတစ်လုံး 4.1.1 ကို Root လုပ်တာ ဘာ ဆော့ဖ်ဝဲနဲ့မှမရဘူး။ တော်တော်ရှာလိုက်ရတယ်။သိတော့လည်း လွယ်လွယ်လေး :D
Donwnload File
File ကို ဒေါင်းပြီး zip ဖြေ၊ ပါတဲ့ file ၂ ခုကို SD card ထဲထည့်လိုက်ပါ။
Tablet ကိုပါဝါပိတ်လိုက်ပြီး ၁ မိနစ်လောက်စောင့်လိုက်ပါ။
Home Buttom ကို ၄ စက္ကန့် နှိပ်ထားပါ။Home Buttom ကိုမလွတ်ပဲ Power ကိုနှိပ်ပါ။
Android LOGO အဖြူရောင်လေး ပေါ်လာရင်လွှတ်လိုက်ပါ။
Recovery Mode ရောက်သွားပါလိမ့်မယ်။
(Home Buttom က အပေါ်အောက်ရွှေ့ဖို့သုံးပြီး POWER Buttom က Enter အတွက်သုံးပါတယ်)
Apply Update From TF card ကို ရွေးပေးလိုက်ပါ။
စောနထည့်ထားတဲ့ File ကိုရွေးပေးလိုက်ပါ။
Install လုပ်ပြီးသွားရင် Reboot ချလိုက်ပါ။
SuperUser icon လေးပေါ်လာရင် Root ရသွားပါပြီ။


Saturday, December 29, 2012

ICS နဲ့ မြန်မာစာ ပြသနာ

ICS တင်ပီးရင် မြန်မာစာ အဆင်ပြေပါ့မလား။ ICS တင်လိုက်ရင် မြန်မာစာက မှားကုန်တယ်ဆို။ ကျနော့ ဖောင့် အင်စတော်လာ သုံးတာတောင် မမှန်ဘူးလား။ အဲဒီလို မေးခွန်းတွေ များလာတဲ့အတွက် ဒါလေး ရေးဖို့ စိတ်ကူးရပါတယ်။

Android စက်တွေမှာ မြန်မာစာတင်တဲ့အခါမှာ သူ့ထဲမှာ Original ပါလာတာ မဟုတ်တဲ့အတွက် ပြသနာတွေ အနည်းနဲ့ အများ ရှိပါတယ်။ အဲဒီအထဲမှာ အကြီးဆုံး ပြသနာ ၂ ခုရှိပါတယ်။

၁။ ဆိုနီတွေမှာ မြန်မာစာ မမှန်တာပါ။
၂။ ICS မှာ မြန်မာစာ မမှန်တာပါ။

အဲဒီ ၂ ခုက မတူပါဘူး။ အောက်က ပုံကို ကြည့်ပါ။



-ျ တွေ -ူ တွေ အပေါ်တက်နေတာ၊ -ှ တွေ အောက်ကျနေတာ၊ စာတွေ မညီတာ စတဲ့ ပြသနာတွေက ဆိုနီတွေမှာ ရိုးရိုး ဇော်ဂျီဖောင့်ကို ထည့်လိုက်လို့ ဖြစ်တာပါ။ မှန်းဖတ်လို့ ရပါသေးတယ်။ အဲဒါကို ကျနော်ရေးထားတဲ့ Zawgyi Font Installer APK သုံးပီး ရှင်းလို့ရပါတယ်။

ဒီအောက်က ပုံကို ကြည့်ပါဦး



နံပါတ် ၁ နေရာမှာ ရေးထားတဲ့စာက "ဆောင်ရွက်" ပါ။ ပေါ်နေတာက "ဆောရင်ွက်" ဖြစ်ပါတယ်
အဲဒီလိုပဲ
နံပါတ် ၂ နေရာမှာ ရေးထားတာက "မိဘဆွေမျိုးများ" ပေါ်နေတာက "မိဘေဆွမျိုးများ"
နံပါတ် ၃ "အခြေအနေ" ရေးထားတာကို "အေခြအေန" စသည်ဖြင့် လွဲပါတယ်။

အဲဒါက ဖောင့်ပြသနာ မဟုတ်ပါ။ ICS မှာ ပါလာတဲ့ ( တစ်ကယ်က Honeycomb မှာကတည်းက ) Complex Script Rendering လို့ ခေါ်တဲ့ အင်္ဂလိပ်စာ မဟုတ်တဲ့ စာတွေကို ဘယ်လို ပြမယ်ဆိုတဲ့ Module ရဲ့ ပြသနာပါ။ သူက ၀င်လာတဲ့ စာတွေကို သူစီချင်သလို စီပစ်လိုက်လို့ အဲဒီလို ဖြစ်နေတာပါ။
ဒီနောက် ဗားရှင်းတွေမှာလဲ ပြင်တယ်ဆိုဦးတော့ ဇော်ဂျီအတွက် ပြင်မယ် မထင်ပါဘူး။ ယူနီကုဒ်အတွက်သာ မှန်အောင် လုပ်ကြပါလိမ့်မယ်။ အဲဒီတော့ ဇော်ဂျီမှ ဇော်ဂျီ ဖြစ်နေရင်တော့ 2.3.* မှာပဲ နေခဲ့ကြပါ။ နောက်ကိုလိုက်တင်မယ်ဆိုရင်တော့ ဒီပြသနာ ဖြစ်နေဦးမှာပါပဲ။ ကျနော်တို့ သန်း ၆၀ လောက် ရှိတဲ့စာ ဖြစ်တာ မပြောနဲ့။ သန်း ၃ ၄ ရာ ရှိတဲ့ တမီလ်စာတွေတောင် မှားနေလို့ XDA မှာ အော်ဟစ်နေတာ အများကြီးပါ။

သူက ဆက်မှားမှာ သေချာနေပီဆိုတော့ ကျနော်တို့က မှန်အောင် ဘယ်လိုလုပ်မလဲဆိုပီး နည်းရှာရပါတယ်။ အဲဒီမှာ Webpage တွေအတွက် Firefox ကို သုံးရင် မှန်တယ်ဆိုတာ တွေ့ပါတယ်။
ဖြစ်ချင်တော့ Firefox မှာ မြန်မာစာ မှန်ပေမယ့် အင်္ဂလိပ်စာက မှားနေပြန်ရော။ အင်္ဂလိပ်စာမှန်ဖို့ ထပ်ပြင်ရပါတယ်။ အသေးစိတ် ဒီထဲမှာ ကျနော်ရေးဖူးပါတယ်။ ရှာဖတ်လိုက်ပါ။

နောက် Facebook အတွက်ကျတော့ Friendcaster Pro တို့လို Fast Facebook တို့လို Third Party Apps တွေ သုံးရင် မှန်ပါတယ်။ Mail အတွက်တော့ ကျနော်လဲ သိပ်မသုံးဖြစ်လို့ မရှာဖြစ်ပါ။

အဲဒီနည်းနဲ့သာ မြန်မာစာကို ICS ပေါ်မှာ မှန်အောင် လုပ်လို့ ရပါတယ်။ ကျန်တဲ့ အခြားနည်း မရှိပါခင်ဗျာ။ အခုလဲ မရှိပါ။ နောက်လဲ ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါ။


Credit to thu rein @MMUC@facebook

+++Zawgyi Keyboard, Font & Dictionary for Meego Devices+++

+=+= HOW TO INSTALL =+=+

>>>>>>>>>>>>INSTALLING ZAWGYI FONT<<<<<<<<<<<<<<<<<<<



အခုနောက်ပိုင်းမှာ Meego OS တွေလည်း နည်းနည်းလေးတော့ အသုံးများလာပါတယ်။ သူငယ်ချင်းတစ်ယောက် သုံးဖို့ အစဉ်ပြေအောင် လုပ်ရင်းနဲ့ လုပ်ဖြစ်သွားတာပါ။ ကျွန်တော် အခု စမ်းထားတာကတော့ Nokia N9 နဲ့ပါ။
ပထမဆုံးအနေနဲ့ ကျွန်တော်တို့ ဇော်ဂျီ ဖောင့်ကို တင်ပေးဖို့လိုပါမယ်။ ကျွန်တော်ကတော့ Ovi Store ကနေအလွယ်တကူ ဒေါင်းလို့ရတဲ့ Font Manager App နဲ့တင်တာပါ။ တကယ်လို့ Ovi Store က မဒေါင်းချင်ရင်တော့ ( LINK:http://db.tt/8QdqjzoO ) တင်ပေးထားပါတယ်။ DEB ဖိုင်တွေကို ဘယ်လို Install တင်ရမယ်ဆိုတာကိုတော့ ( LINK:http://www.youtube.com/watch?v=qgYU8SlpJ6I ) မှာကြည့် လို့ရပါတယ်။ နောက် Mass Storage Mode နဲ့ Zawgyi Font(Zawgyi-One.ttf) ဖိုင်ကို ထည့်လိုက်ပါ။


ဖုန်းကို ကွန်ပြူတာ ကနေဖြုတ်ပြီးတော့ Font Manager ကို ဖွင့် လိုက်ပါ။ ဘယ်ဘက်အောက် ဒေါင့်နားမှာ (+) လက္ခဏာလေးကို နှိပ်ပြီးတော့ ခုနက ထည့်ထားတဲ့ Zawgyi Font ကို ရွေးပေးလိုက်ရင် ဇော်ဂျီဖောင့် တင်ပြီးသား ဖြစ်သွားပါပြီ။ တကယ်လို့ အဆင်မပြေရင်တော့ ( LINK: http://www.youtube.com/watch?v=dKV_L1u3j9U ) နဲ့ ( LINK: http://www.taringa.net/posts/info/14853665/Tutorial-para-font-manager-en-nokia-n9.html ) မှာ သွားကြည့်လို့ရပါတယ်။

ကဲ... ဒါဆိုရင်တော့ ကျွန်တော်တို့ ဇော်ဂျီဖောင့် Install လုပ်တာ အဆင်ပြေသွားပါပြီ။

>>>>>>>>>INSTALLING ZAWGYI KEYBOARD VIA MESINPUT<<<<<<<<<<<


အခု ဇော်ဂျီ ကီးဘုတ်ကို စတင်ပါမယ်။ ဇော်ဂျီ ကီးဘုတ်ကို တင်နည်းက(၂) နည်း ရှိပါတယ်။ တစ်နည်းကတော့ INCEPTION (LINK: https://endno.de/~itsnotabigtruck/inception/ ) လုပ်ရပါတယ်။ နောက်တစ်နည်းကတော့ မလိုပါဘူး။ ဒါ့ကြောင့် လတ်တလော အသုံးလွယ်တဲ့ ဒုတိယ နည်းလမ်းနဲ့ပဲ အရင်ပြပေးပါ့မယ်။



၁) MesInput ကို အရင် Download လုပ်ပါ။ (Ovi Store LINK: http://store.ovi.com/content/161100 )
( Dropbox LINK: http://db.tt/Nm4Uyo1J )
၂) DEB ဖိုင်ကို Download လုပ်ထားမိရင်တော့ ကျွန်တော်တို့ Font Manager တင်ခဲ့တုန်းကလိုပဲ ပြန်တင်ပေးရပါလိမ့်မယ်။ Ovi Store ကဆိုရင်တော့ သိပ်ပြဿနာ မရှိပါဘူး။



၃) MesInput ကိုဖွင့်လိုက်ပါ ပုံထဲက အတိုင်းတွေ့ရပါလိမ့်မယ်။ " Keyboard ID to install " ဆိုတဲ့ Textbox ထဲမှာ ပုံထဲကအတိုင်း 749029 ကိုထည့်ပါ။ ပြီးရင် " Install Keyboard " ကိုနှိပ်လိုက်ရုံပါပဲ။ အခက်အခဲရှိရင် ( LINK: http://www.mesinput.com/instructions/ ) မှာ ထပ်ကြည့်နိုင်ပါတယ်။


၎) နောက်ဆုံးအနေနဲ့ Notes ကို ဖွင့်လိုက်ပါ။ ကီးဘုတ်ကို ဘယ်-ညာ drag ဆွဲကြည့်လိုက်ပါ။ ဇော်ဂျီ ကီးဘုတ် တင်ပြီးသားဖြစ်နေပါပြီ။

>>>>>>>INSTALLING DICTIONARY STAR TO USE ORNAGAI<<<<<<<<<
 ဇော်ဂျီဖောင့် တင်ထားတာကြောင့် Ornagai ( ENG-MM ) Dictionary ပါ အသုံးပြုလို့ရသွားပါတယ်။



၁) ကျွန်တော်တို့ ပထမဆုံးက Free ရတဲ့ Dictionary Star App ကို (Ovi Store LINK: http://store.ovi.com/content/244927 ) တင်လိုက်ပါ။ DEB ဖိုင်ကို တော့ (Dropbox LINK: http://db.tt/7qbKPODb ) ကနေယူပြီး တင်လိုက်ပါ။

၂) အင်္ဂလိပ် - မြန်မာ (Ornagai) အဘိဓာန်ကိုတော့ (@ Credit to ကိုထိန်လင်းရွှေ @GIT LINK: https://github.com/saturngod/ornagai-V2/downloads ) မှ ရယူနိုင်ပါတယ်။ ကျွန်တော်တို့က အခုတင်ထားတာ ဇော်ဂျီဖြစ်တဲ့ အတွက် ( ornagien.tar.bz2 ) ဆိုတဲ့ ဖိုင်ကို Download လုပ်ရပါမယ်။

၃) ရလာတဲ့ tar.bz2 ဖိုင်ကို winRAR လို Software တစ်ခုခု နဲ့ Extract လုပ်လိုက်ပါ။ " ornagaien " ဆိုတဲ့ ဖိုဒါလေး ရလာပါလိမ့်မယ်။



၎) အခုနောက်ဆုံး အနေနဲ့ "ornagaien" ဖိုဒါကို ပုံပါအတိုင်း /home/user/.stardict ထဲကို ဖိုဒါလိုက်ထည့်ပေးလိုက်ရင်ရပါတယ်။

၅) ကဲအခု Dictionary Star App ကိုဖွင့်ပြီးတော့ "Ornagai" ဆိုတဲ့ check box ကလေး ကို ရွေးပေးလိုက်ရုံနဲ့ အင်္ဂလိပ်-မြန်မာ Dictionary တစ်ခုကို အသုံးပြုလို့ရပါပြီ

By Shein Myint Aung in Myanmar Mobile Users Club

Sunday, December 16, 2012

Install Myanmar Font Manually


(Never overwrite originals, Clean installation method)
      ကျွန်တော် Galaxy Note ကို ICS Upgrate လုပ်ရင်း System ထဲကို မွှေရင်းနဲ့ အခု မြန်မာစာ ထည့်သွင်းတဲ့ နည်းကို ရှာတွေ့ခဲ့တာပါ။ နည်းသစ်ကို မပြောခင် အရင်တုန်းက မြန်မာစာ ထည့်သွင်းပုံကို မသိသေးသူတွေသိအောင် ပြောပြပါ့မယ်။ (သိပြီးရင် ကျော်ဖတ်လိုက်ပါ)

အရင်က Myanmar font ထည့်နည်းများ ----------

 Android ဖုန်းတွေမှာ မြန်မာစာသုံးဖို့အတွက် နည်းလမ်းတွေ အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် အဲဒါတွေအားလုံးက စနစ်မကျပါဘူး။ ဘာလို့ စနစ်မကျလဲဆိုတော့ နဂို ရှိပြီးသား Android Font တွေမှာ မြန်မာစာလုံးတွေ မပါတဲ့အတွက် မြန်မာစာလုံးပါတဲ့ Droidsans.ttf နဲ့ Droidsansfallback.ttf ဆိုတဲ့ fonts နှစ်မျိုးကို Zawgyi.ttf နဲ့ အစားထိုးလိုက်လို့ပါ။ ဒါကြောင့် Zawgyi.ttf က Droidsans.ttf ပေါ်မှာ Overwrite ဖြစ်သွားတာကြောင့် နဂို Original font တွေ မရှိတော့ပါဘူး။
    အခုနောက်ပိုင်း ICS မှာဆိုရင် Roboto.ttf ဖြစ်သွားတဲ့အတွက် Roboto.ttf နဲ့ Robotofallback.ttf ပေါ်မှာ Zawgyi.ttf ကို Overwrite ပြုလုပ်ကြပါတယ်။ Roboto font က တော်တော်လေးလှပါတယ်။ Zawgyi နဲ့ယှဉ်ရင် English စာလုံးတွေမှာ တော်တော်ကွာပါတယ်။
    အဲဒီ့တော့ ဘာလုပ်ကြသလဲဆိုတော့ Roboto.ttf ကို Font Creator Professional Edition လို Fonts ပြုလုပ်လို့ရတဲ့ Software တွေသုံးပြီး Roboto ထဲမှာ Zawgyi ထဲက စာလုံးတွေ ထည့်လိုက်ကြပါတယ်။ Roboto က Series လိုက်ရှိတော့ Roboto Bold တွေရော Roboto Italic တွေမှာပါ Zawgyi ထဲက မြန်မာစာလုံးတွေကို လိုက်ထည့်ရပါတော့တယ်။ Zawgyi ထဲက english စာလုံးတွေမဟုတ်တော့ဘဲ roboto ထဲက english စာလုံးတွေကို မြင်ရလို့ ကြည့်ကောင်းသလိုလိုဖြစ်လာပေမယ့်လည်း တစ်ကယ်တော့ နဂို Roboto.ttf ကို ပြုပြင်ပြီး မြန်မာစာထည့်ထားတဲ့ Roboto.ttf နဲ့ အစားထိုးရတာပါပဲ။

အခု နည်းအသစ်မှာ --------------
    အခုနည်းက နဂို Roboto Fonts တွေရော Droidsans Fonts တွေကိုရော overwrite လုပ်မှာမဟုတ်ဘဲ Zawgyi-one.ttf ကိုပဲ ထည့်ပေးလိုက်မှာပါ။ ဒါမှမဟုတ် ကိုယ်ကြိုက်တဲ့ ဘယ် Myanmar Font ကိုမဆို ထည့်နိုင်ပါတယ်။

အခု နည်းအသစ်ရဲ့ အားသာချက်တွေက --------------

   အရင်နည်းမှာ Zawgyi.ttf မှာ English စာလုံးနဲ့ တစ်ခြား ဘာသာစကားတွေ ပါပေမယ့်လည်း မစုံလင်ပါဘူး။ ဒါကြောင့် တစ်ခြား ဘာသာစကားတွေ အပြည့်အစုံမပေါ်တာမျိုး ကြုံရပါလိမ့်မယ်။ တရုတ်စာတချို့ ပျောက်နေတာမျိုးတွေ ၊ ကုလားစာတွေ ပျောက်နေတာမျိုး၊ ကိုရီးယားစာတွေ ပျောက်နေတာမျိုးပါ။
    အခုနည်းမှာတော့ အဲဒီလို မဖြစ်တော့ပါဘူး။ Zawgyi ကို သူ့အတိုင်း ထည့်ပေးလိုက်မှာဖြစ်လို့ မူလ ဖုန်းထဲက font တွေကို ဘာမှ မထိခိုက်တော့ပါဘူး။ နောက်ပြီး တစ်ကယ်ကောင်းတဲ့ အားသာချက်ကတော့ Custom Flip Font တွေ ကြိုက်သလောက် ပြောင်း၊ ဖုန်းထဲမှာ font style တွေ ကြိုက်တာ ပြင်လိုက်ပါစေ မြန်မာစာကို နေရာတိုင်းမှ မြင်ရတာပါ။

လိုအပ်တာတွေက ----------

  •         920 text editor.apk
  •         Root လုပ်ပြီးသား ဖုန်း/tablet
  •         zawgyi.ttf
  •         Root Explorer

    အရင်ဆုံး ဖုန်းက Root ဖြစ်နေဖို့ လိုပါတယ်။ Root လုပ်နည်းကတော့ ဖုန်းအမျိုးအစားပေါ်မူတည်ပြီး အမျိုးမျိုးရှိတာကြောင့် အဆင်ပြေမယ့်နည်းနဲ့သာ Root လုပ်လိုက်ပါ။ Android ver 4 ICS နဲ့ အထက် version တွေ ဖြစ်ရပါမယ်။ ICS ထက်နိမ့်တဲ့ Gingerbread နဲ့ ရှေ့ပိုင်းဖုန်းတွေ မရပါဘူး။
    နောက်ထပ်လိုတာက မြန်မာစာ unicode ဖြစ်တဲ့ zawgyi.ttf ပါပဲ။ zawgyi font နဲ့ Root Explorer.apk တို့ကို Google မှာ Search လုပ်ပြီး ရှာလိုက်ပါ ပေါပါတယ်။

Install Zawgyi Font
    Zawgyi-One.ttf ကို Zawgyi.ttf ပဲ ဖြစ်ဖြစ် Zawgyi-One2007.ttf ပဲဖြစ်ဖြစ် ကြိုက်တဲ့နာမည်ထားပါ ဘာမှမဖြစ်ပါဘူး။ အဲဒီ့ Zawgyi font ကို Root Explore ကို သုံးပြီး Copy လုပ်၊ ပြီးရင် /system/fonts ထဲမှာ ထည့်ထားလိုက်ရုံပါပဲ။ ဒါဆိုရင် Zawgyi font က ဖုန်းရဲ့ Fonts တွေရှိတဲ့ထဲ ရောက်သွားပါပြီ။ (အရင်တုန်းက DroidSans.ttf ကို root explore နဲ့ ထည့်ခဲ့သလိုပါပဲ။)

Zawgyi ကို သိအောင်လုပ်မယ်

    Zawgyi ကို ခုနက System ထဲကို ထည့်လိုက်ပေမယ့်လည်း Android က Zawgyi Font ကို မသိသေးပါဘူး။ ဒါကြောင့် Android က သိအောင် လုပ်ပေးရပါဦးမယ်။

    Android က fallback font list ကို /system/etc ထဲမှာ ထည့်ထားပါတယ်။ ဒါကြောင့် fallback font list ကို ပြင်ဖို့ အတွက် text editor လေးတစ်ခုလိုပါတယ်။

920 text editor
   http://920-text-editor.googlecode.com/files/920-Text-Editor.12.4.25.apk
ကို download လုပ်လိုက်ပါ။ 686 kb ပဲရှိပါတယ်။ Install လုပ်ပြီးရင် ဖွင့်လိုက်ပါ။

    920 text editor က system file ကို ပြင်မှာ ဖြစ်လို့ root access လိုအပ်ပါတယ်။ root access မပေးရင် save လုပ်လို့ရမှာမဟုတ်ပါဘူး။ ဒါကြောင့် 920 မှာ ဖုန်းရဲ့ menu ကို နှိပ်ပြီး ပေါ်လာတဲ့ option တွေထဲက Preference ကို ရွေးပါ။ အဲဒီ့ထဲက Other ကို ထပ်ရွေးပြီး Try run as ROOT မှာ အမှန်ခြစ်ပေးလိုက်ပါ။ အဲဒါဆိုရင် Superuser က request လာတောင်းပါလိမ့်မယ် ပေးလိုက်ပါ။

    920 မှာ အပေါ်ဆုံးက folder ပုံ အဝါရောင်နဲ့ open ကို ရွေးပြီး /system/etc ထဲက fallback_fonts.xml ကို ဖွင့်လိုက်ပါ။ အဲဒီ့ထဲမှာ ရေးထားတာတွေက ရှုတ်ရှက်ခတ်နေတာပဲလား...။ ရပါတယ် အဲဒီ့စာတွေကို ကြည့်မနေပါနဲ့တော့။
 Menu ကိုပဲ နှိပ်ပြီး Search/Replace ကို နှိပ်လိုက်ပါ။  Search box ပေါ်လာရင် Replace ကို ထပ်နှိပ်ပါ။

    Search box မှာ -

           ကို ရိုက်ထည့်ပါ။

    Replace မှာ -
        Zawgyi.ttf
            လို့ရိုက်ထည့်ပါ။ (space မထည့်ပါနဲ့)

     Zawgyi.ttf နေရာမှာ ခုနက fonts ထဲ ထည့်ထားခဲ့တဲ့ font ရဲ့ နာမည်နဲ့ တူရပါမယ်။
ဥပမာ - ခုနက zawgyi-one.ttf လို့ ပေးထားပြီး /system/fonts ထဲ ထည့်ထားရင် အခုနေရာမှာလည်း zawgyi-one.ttf ဖြစ်ရမယ်။
(* လုံဝ စာလုံးပေါင်း မမှာပါစေနဲ့ အထူးသဖြင့် ကို စာလုံးပေါင်း မမှားပါစေနဲ့ မှားသွားရင် ဖုန်းကို reboot လုပ်တဲ့အခါ ဖုန်းတက်မလာတော့တာမျိုး ကြုံရတတ်ပါလိမ့်မယ်)

    စာတွေရိုက်ပြီး စာလုံးပေါင်းမှားမမှား စစ်ပြီးရင် ဘေးက အပေါ်အောက် မြှားလေးကို နှိပ်လိုက်ရင် ကို အရောင်နဲ့ ပြပေးလိမ့်မယ်။ အဲဒီ့ အခါ replace ကို နှိပ်လိုက်ပါ။ ဖြည့်လိုက်တဲ့ စာတွေကိုပါ အရောင်နဲ့ ပြပေးပါလိမ့်မယ်။ ရပါပြီ Save ခလုပ် (အပေါ်ဆုံးက အ၀ါရောင်နဲ့ open ဘေးက အပြာရောင် ခလုပ်) ကို နှိပ်လိုက်ပါ။ Successfuly saved! လို့ ပြောရင် save ဖြစ်သွားပါပြီ။ 920 ကို ပိတ်လိုက်လို့ ရပါပြီ။

      အခုဆိုရင် Zawgyi font ထည့်ထားမှန်း Android က သိသွားပါပြီ။ ဖုန်းကို Restart လုပ်ပြီး စမ်းကြည့်ပါ။ keyboard ကိုတော့ frozen keyboard ဖြစ်ဖြစ် အဆင်ပြေတဲ့ မြန်မာစာ ကီးဘုတ်နဲ့ ရိုက်ပါ။ နေရာတိုင်းမှာ မြန်မာစာ ပေါ်သွားပါပြီ။

      ဒီနည်းကို သုံးတဲ့အတွက် ကိုယ့်ရဲ့ Android ဖုန်းမှာ English font ကို ဘာပဲ ပြောင်းလိုက်ပြောင်းလိုက် မြန်မာစာက အမြဲတန်း နေရာတိုင်းမှာ ပေါ်ပါလိမ့်မယ်။ Custom Flip Font လို app တွေကိုလည်း သုံးပြီး ကိုယ့်ရဲ့ ဖုန်းကို ကြိုက်တဲ့ english font ပြောင်းလိုက်လို့ မြန်မာစာ မမြင်ရတော့တာမျိုးတွေလည်း မဖြစ်တော့ပါဘူး။
(Zawgyi font အပြင် ကိုယ်ကြိုက်တဲ့ Myanmar Unicode Font ဘယ် font မဆို ထည့်လို့ရပါတယ်)

     ဒီ Myanmar Font ထည့်နည်း အသစ်ကို ခွင့်တောင်းစရာမလိုဘဲ လွပ်လွပ်လပ်လပ် Share လုပ်နိုင်ပါတယ်။ Internet မှာရော အပြင်မှာပါ Share လုပ်နိုင်အောင်လို့ pdf အနေနဲ့ပါ ရေးပေးလိုက်တာပါ။

    ကျွန်တော်တို့ Myanmar font လိုပဲ တမီးလ် (tamil) font လည်း အစက Android မှာ မပါခဲ့ပါဘူး။ ဒါကြောင့် သူတို့လည်း အရင်က Droidsans.ttf ကို overwrite လုပ်တဲ့နည်းနဲ့ သုံးနေခဲ့ရတာပါ။ အခု Icecream Sandwich က စပြီး Tamil font ကို google က ထည့်ပေးခဲ့တဲ့အပြင် Jelly bean မှာဆိုရင် တမီးလ် keyboard ပါ စ ကတည်းက ပါလာပါတယ်။ ဘာ root မှ လုပ်စရမလိုပါဘူး။ Android ဖုန်းမှန်သမျှမှာ ၀ယ်ကတည်းကစပြီး တမီးလ်ကို သုံးလို့ရသွားပါပြီ။

    သူတို့တွေ တမီးလ် စာ ပေါ်ဖို့အတွက် campaign တွေ လုပ်ခဲ့ကြလို့ အခုတော့ အဆင်ပြေသွားကြပါပြီ။ ကျွန်တော်တို့ မြန်မာတွေသာ ခုထိ root လုပ်ပြီး overwrite လုပ်လို့ ကောင်းတုန်းပဲ ရှိနေပါသေးတယ်။ ဒါကြောင့် Zawgyi.ttf လေးနဲ့ fallback_fonts.xml မှာ Zawgyi font ကို ထည့်ရေးပေးဖို့လေးကတော့ Google အတွက် အပန်းမကြီး မခက်ခဲတာကြောင့် ကျွန်တော်တို့  Google ကို စုပေါင်းပြီး ၀ိုင်းဝန်းတောင်းဆိုသင့်တယ်လို့ ထင်ပါတယ်။ နောက်တော့မှ တဆင့်တက်ပြီး Myanmar Unicode ကို တစ်ကယ်အလုပ်ဖြစ်အောင် လုပ်ပေးဖို့ တောင်းဆိုကြတာပေါ့ဗျာ။ အောင်မြင်သွားရင်တော့ ဘယ် Android မှာမဆို Root လုပ်စရာမလိုဘဲ ၀ယ်ပြီးတာနဲ့ မြန်မာစာ တစ်ခါတည်း သုံးလို့ရသွားတော့မှာဆိုတော့ တော်တော်လေး အဆင်ပြေသွားမှာပါ။

    ကျွန်တော့်ရဲ့ facebook page တစ်ခုဖြစ်တဲ့ android အကြောင်းရေးနေတဲ့ Droid Diary  ကို လာလည်ပြီး တစ်ခြား စာတွေလည်း လာဖတ်နိုင်ပါကြောင်း....။ (www.facebook.com/droid-diary)

 by  Aaron
aaron.nandus@gmail.com

ပုံတွေပါ ပါတဲ့ PDF အနေနဲ့ ဖတ်ချင်ရင် -

http://docs.google.com/open?id=0B0soPQQAZwQhR0Q2V3ZrM1lQTmc

Sunday, October 21, 2012

Installing Samsung Kies Offline

 Samsung Kies ကို install လုပ်ရတာ မြန်မာနိုင်ငံမှာမလွယ်ပါဘူး။Online installer ဖြစ်နေလို့ ကွန်နက်ရှင်မကောင်းရင် တော်တော်နဲ့ install လုပ်လို့မရပါဘူး။ အဲ့တော့ အခု Offline install လုပ်တဲ့နည်းလေးပြောပြပါမယ်။

ဒါတွေဒေါင်းပါ။
Here's the step by step guide to install Kies on windows xp:
1.အရင်ဆုံး WIC ကို install လုပ်ပါ။

 
2 .ပြီးရင်   dotNetFx40_Client_x86_x64.exe ကို  install လုပ်ပါ


3.  ပြီးမှ kies ကို install လုပ်ပါ




Monday, September 17, 2012

Network Unlocking Sony Ericsson Live with Walkman(WT19i)

Network unlock လုပ်တယ်ဆိုတာ carrier unlock လုပ်တာပါပဲ။သဘောကတော့ဒီလိုဗျာ။ကျွန်တော် အခုလုပ်မယ့်ဖုန်းက ပြင်သစ် Orange ကဝယ်လာတာ။အဲ့တော့သူ့ရဲ့ orange sim card မဟုတ်ပဲ တခြား sim card ထည့်ရင် ဖုန်းပြောလို့မရတော့ဘူး။Unlock code တောင်းတော့တာပဲ။


အဲ့တော့ sim unlock လုပ်မှ ဘယ် sim card မဆိုထည့်ပြီးသုံးလို့ရမယ်။
အဲ့တော့ ကိုယ်ဝယ်မယ့်ဖုန်းက network lock ဟုတ်မဟုတ်ဘယ်လိုကြည့်မလဲ?
phone keypad က *#*#7378423#*#* နှိပ်ပြီး service info ကနေ sim lock ကိုဝင်ကြည့်ပါ။
တကယ်လို့ network lock ဖြစ်နေတယ်ဆိုရင် အပေါ်ဆုံးက network ရဲ့ဘေးမှာ ကြက်ခြေခက်လေးဖြစ်နေပါလိမ့်မယ်။


အရင်ဆုံး www.wotanserver.com ကိုသွားပြီး account တစ်ခုဖွင့်ပါ။
အဓိက အရေးကြီးတာက wotanserver မှာ Euro 9.99 သွင်းပေးရပါ့မယ်။Paypal နဲ့သွင်းရမှာပါ။
ကျွန်တော်က wt19i နဲ့ပဲလုပ်ပြသွားပါမယ်။
မှုရင်းလင့်ခ်က ဒီမှာပါ။
http://www.wotanserver.com/en/sony-ericsson/se/live-with-walkman-wt19/unlock-tool/debranding-flash

ဒါကတော့ကျွန်တော် payment သွင်းထားတာပါ။

X Unlock tool ကို download ဆွဲပြီး install လုပ်ပါ ။ Click here
X unlock ကိုဖွင့်ပါ။
 ဖုန်းအမျိုးအစားရွေးပါ။

မိမိရဲ့ user name နဲ့ password ရိုက်ပြီး log in ဝင်ပါ။သူက payment ကို check လုပ်ပါလိမ့်မယ်။


အခု ဖုန်းနဲ့ computer နဲ့ချိတ်ခိုင်းပါလိမ့်မယ်။ဒီလိုချိတ်တာက အရေးကြီးပါတယ်။ဒီအတိုင်း usb ကြိုးထိုးလို့မရပါဘူး။test point နဲ့ချိတ်ပြီးမှ usb ထိုးရမှာပါ။အောက်က အဆင့်တွေကိုသေချာကြည့်ပါ။

step 1 ဖုန်းကိုပါဝါပိတ်ပါ။


step 2 ဖုန်း back cover ဖြုတ်၊ battery ဖြုတ် ပါ။

step 3 phone battery အောက်က sticker ကို dryer နဲ့ အပူပေးပါ။တအားပူနေအောင်ပေးစရာမလိုပါဘူး။နည်းနည်းလေးပါပဲ။

step 4 sticker ကို သေချာခွာပါ။




အခုဆိုရင် circuit ကို မြင်ရပါပြီ။
အဲ့ဒီမှာ Connect to GND နဲ့ GND  ဆိုပြီး ပြထားတဲ့ အမှတ် ၂ ကို ရှိတယ်။အဲ့ အမှတ် ၂ ခုကို ပင်နဲ့ထောက်ထားတဲ့  အချိန်မှာ တစ်ပြိုင်နက် Usb ချိတ်ရမှာပါ။
ပုံကိုကြည့်ပါ။

အဲ့လိုချိတ်လိုက်ရင် ကွန်ပျူတာက driver အသစ်ကို တွေ့တယ်လို့ပြပါလိမ့်မယ်။
 အခုဆိုရင် test point ကို ထောက်ထားတဲ့ pin ကို လွတ်လိုက်လို့ရပါပြီ။




အခုလို ပုံအတိုင်း ပေါ်လာပြီဆိုရင်တော့ ဖုန်းက network unlock ဖြစ်သွားပါပြီ။
ဘယ်နိုင်ငံက sim card မဆိုထည့်ပြီး သုံးလို့ရပါပြီ။






Tuesday, August 14, 2012

Android dictionary

ADB: Short for Android Debug Bridge. Part of the Android Software Development Kit (SDK), it allows for ROOT-level access to the Android device from a computer.
AOSP: Short for Android Open Source Project. The open-sourced code from which individuals can build new distributions of Android.
APK: An Android executable file, similar to the .exe file in Windows. Most programs will install with a .apk file.
AUDIENCE CHIP: A voice processing chip installed on the I897/Captivate that provides noise suppression and voice quality enhancement for phone functions.
BACKLIGHT NOTIFICATION: A program that turns the LEDs behind the Menu/Home/Back/Search buttons on to indicate system events (e.g. new voicemail, etc).
BLN: Short for Backlight Notification. See BACKLIGHT NOTIFICATION.
BOOTLOADER: There are two of these that can be flashed, the primary and secondary bootloaders. These programs tell the Android device how to start up, and are critical to its functionality.
BML: Short for Block Management Layer. Provides a programming interface simulating the parallel disk model.
BRICK: An Android device that is completely non-responsive, i.e. nothing lights up, the screen does nothing, no combination of button presses cause any reaction. Can only be restored by JTAG, UNBRICKABLE MOD, or warranty service.
BUILD.PROP: A plain text file which contains environmental variables for the system to use during operation. Can be hacked to fake a different model for increased functionality, among many other operations.
BUSYBOX: An application that contains many standard Unix tools. Commonly used with TITANIUM BACKUP.
BUTTON COMBO: The act of pressing several buttons at the same time to produce a desired result (e.g. pushing volume up, volume down, and the power button for 10 seconds on FROYO will reboot into the RECOVERY menu). 3-Button Combo is a common example. May also be referred to as a "Chord".
CLAY: An Android device that is not fully functional, but shows signs of functionality. Unlike a BRICK, the clay can be recovered without using JTAG. See also SOFT BRICK, BRICK.
CLOCKWORKMOD RECOVERY MENU: This is a program that allows you to install custom ROMS as well as do many other low-level customizations. Often referred to as the "RECOVERY MENU". See also "ROM MANAGER"
CM: Short for CyanogenMod. CyanogenMod is an Android build built from the Android Open Source Project, and its builds are usable on multiple different Android Devices.
CWM: Short for ClockWorkMod Recovery Menu. See CLOCKWORKMOD RECOVERY MENU.
DALVIK CACHE: The collection of program information stored for use by the DALVIK program. This can be cleared from the RECOVERY menu to resolve issues with the Android OS.
DALVIK: The Android operating system's memory management tool. This program handles which other programs are running and assigns memory to them
DEODEXED: Removing the .odex files from an APK file. The .odex files contain a list of dependencies for the associated file, and if something changes, the .odex (and similarly, the associated file) not longer function correctly.
DOWNLOAD: The download menu is the lowest-level interface to the Android device. Allows for full access to all flashable items on the device via the ODIN/HEIMDALL tool.
ECLAIR: The Android OS version 2.1.x. See also STOCK.
EFS: The directory /efs on the Android device's internal storage. Contains files with the Android device's IMEI, wireless devices MAC addresses, product code, and other information..
EMMC: Short for Embedded MultiMediaCard. A chip architecture consisting of an embedded storage solution with MMC interface, flash memory and controller, all in a small ball grid array package.
EXT4: A journaling file system (e.g. NTFS, FAT32 are file systems) often used by Linux distributions. Can be used with Android.
EXTERNAL SD: A micro SD card that has been inserted in the micro SD slot in the Android device. Can be removed.
FACTORY RESET: This will remove all user customizations in the Android OS, returning it to a factory state. Note: This will not wipe the Internal SD card.
FC: Short for FORCE CLOSE. See FORCE CLOSE.
FLASHING: The act of writing code to the Android device. ROMs, MODEMs, KERNELs, and BOOTLOADERs can all be flashed. Independent from, and having nothing to do with, Adobe's Flash product.
FORCE CLOSE: When a program on the Android device becomes unstable, the DALVIK program will force it to terminate to prevent further system instability.
FREEZE: Specific to TITANIUM BACKUP. Using the TITANIUM BACKUP tool, the user changes a program into a non-functional, but still installed, state. Useful for identifying problem and FCs.
FROYO: The Android OS version 2.2.x. This version of Android OS was released via AT&T to the captivate as an update over KIES MINI.
GB: Short for Gingerbread, the Android OS version 2.3.x.
GOVERNOR: A program that interacts with the device hardware to increase or decrease the processor's clock speed (e.g. at low usage, it will set the processor speed to 400 MHz, but as usage increases, it would scale up to 1000 MHz).
HEIMDALL: An open-source program by Benjamin Dobell that allows the Android device to be flashed back to stock or with custom software. See also ODIN.
HEIMDALL ONE-CLICK: An open-source, cross-platform, auto-dependency-installing, Linux, Windows and Mac one-click ROM deployment system based on the Open-Source project Heimdall, with multiple adminsitrative, technical and engineering controls making it much less likely to "brick" a phone then ODIN. Heimdall One-Click was created by Recognized Developer Adam Outler.
HSUPA/HSDPA: Short for High Speed (Up/Down) Packet Access. This is 3G+, and is the Android device's internet speed level between 3G and 4G.
I9000: The Samsung Galaxy international model. SImilar to the Captivate, Fascinate, Vibrant, and Mesmerize.
ICS: Short for Ice Cream Sandwich, the Android OS version 4.0.x.
IMEI: Short for International Mobile Equipment Identity. A unique number to identify GSM, WCDMA, and iDEN phones. Used by GSM networks to identify valid devices.
INTERNAL SD: The internal storage memory of the Android device. Not a physical SD card that can be removed.
JIG: A piece of hardware that makes a physical connection between pins 4 and 5 of the USB slot to force the Android device into DOWNLOAD mode.
JTAG: A process of connecting directly to the main board of the Android device to rewrite corrupted BOOTLOADERS.
KANG: Originally used to refer to stolen or leaked code. In CyanogenMod builds, a KANG build is one that is an unofficial branch from the main CyanogenMod development. These builds usually contain custom modifications that did not make the official CyanogenMod builds.
KERNEL: The collection of software drivers and more "nuts and bolts" programs that allow the basic functionality of the device.
KIES MINI: A Samsung-proprietary program that allows flashing of official updates to the Android OS.
LAGFIX: Changing the file system used by the Android OS (ususally to EXT4) to reduce the perceived lag in the operation of the Android device.
LAUNCHER: A program that launches programs in Android. Examples are Touchwiz (Samsung), Launcher Pro, ADW Launcher, and Go Launcher.
MD5 CHECKSUM: A 32-digit (128-bit) hash number generated by a cryptographic program to ensure that a downloaded file matches the original file. The original file is run through the MD5 generator program, which creates the 32-bit number. This number is checked against the md5 number created with the file the end user receives to ensure file integrity.
MODEM: The software that interfaces with the phone's radio hardware to connect to cell phone towers.
MTD: Short for Memory Technology Device. A type of device file in the Linux structure that interacts with flash memory. Provides an abstraction layer between applications and hardware-specific device drivers.
MODEM DANCE: A combination of key presses, MODEM flashes, and reboots required to force some Android devices to restrict the band use to the 850 MHz WCDMA band.
NANDROID BACKUP: A complete system image backup of the Android device except for the MODEM and KERNEL. Can be accessed from CWM.
NO-WIPE PACKAGE: A rom update package that leaves the user's market apps intact while still performing the updates to the system files. Restoring from backup is not necessary. See also WIPE PACKAGE.
NV_DATA.BIN: An encrypted file in the /EFS directory that contains the Android device's IMEI number and product code. See also EFS.
OC: Short for Overclocking. See OVERCLOCKING.
OCLF: One Click Lag Fix - a outdated method of using the EXT2 file system to reduce perceived lag in the Android OS. See also LAGFIX.
ODEX: A file that is associated with an APK file, containing a list of the dependencies for the program. See also DEODEXED.
ODIN: A Samsung proprietary program that allows the Android device to be flashed back to stock or with custom software. See also HEIMDALL.
ODIN ONE-CLICK: A version/package of the ODIN program that contains and will preload the necessary files to flash back to STOCK (usually ECLAIR).
ODIN THREE BUTTON: A version/package of the ODIN program that will FLASH the necessary files to restore the three-BUTTON COMBO used to get a FROYO ROM into the RECOVERY MENU. Only needs to be used if the user's Android device is missing the files necessary. ODIN ONE-CLICK must be flashed prior to using this package to avoid CLAY/BRICK status.
ONECLICK UNBRICK: A program developed by recognized developer Adam Outler that will release the locks on an Android device that are holding it in a CLAY state.
OVERCLOCKING: Setting the processor's clock speed to run faster than its default setting, i.e. 1200 MHz (1.2 GHz) vs 1000 MHz (1.0 GHz).
PIT FILE: Short for Partition Information Table file. One of the possible file types used while flashing with ODIN or HEIMDALL.
PRIMARY BOOTLOADER: Also known as First Stage Bootloader. The first bootloader run at boot time, this bootloader finds RAM for the Android device, and hands the boot sequence off to the SECONDARY BOOTLOADER. File name is "boot.bin". See also BOOTLOADER, SECONDARY BOOTLOADER.
RAT: Short for Radio Access Technology. This determines how the network decides the QoS (quality of service) on the connection between the Android device and the carrier's data towers.
RECOVERY: The menu that allows a user to do many low-level operations on the Android Device. This menu can either be the stock Samsung menu, or the CLOCKWORKMOD RECOVERY MENU (CWM). See also CWM.
REORIENTED: Changing the code of a KERNEL from one device (e.g. Samsung Galaxy S) so that it will function on another device (e.g. Samsung Captivate).
RFS: A Samsung-proprietary file system (e.g. NTFS, FAT32 are file systems) used on STOCK Android. Stands for Robust File System.
ROM: The collection of programs, themes, and settings that create the general look-and-feel of your Android device. This is what most users will initially be wanting to change.
ROM MANAGER: The Android OS front end program for the CLOCKWORKMOD RECOVERY MENU (or CWM). Allows use of many of the CWM features from inside the Android OS. See also CWM.
SECONDARY BOOTLOADER: Also known as Second Stage Bootloader. The second bootloader run at boot time, this bootloader handles the processes required to allow the Android device to boot the main kernel, such as file systems, memory, and MODEM. File name is sbl.bin. See also BOOTLOADER, PRIMARY BOOTLOADER.
ROOT: Changing the permission level of the Android system to its most powerful level, the root user, allowing full access to the file system.
SILVER SPEAKER: One of the most powerful and dangerous modifications to the Android device available. Can cause a variety of results, from improved signal to radioactive cats in boxes. Should not be used by the infirm or those with faulty gluons.
SOFT BRICK: This does not exist. A misnomer for a device that is not functioning correctly, but still shows some signs of operation. See CLAY.
STOCK: The Android software version that comes installed on new devices, prior to sale to the user. On the original Captivate, it was Eclair 2.1. Can also be used to refer to the Android software issued from Samsung or the carrier.
TETHER: Connecting the Android device to a computer via a wired or wireless connection to allow the transfer of data through the Android device's internet connection. Commonly used to provide internet access to a laptop or desktop computer when other methods are not desired or available.
THEME: A collection of images, backgrounds, colors, font types, and other visual items to change the Android device's look and feel. Separate from LAUNCHER, and is usually FLASHed in CWM.
TIBU: Short for Titanium Backup. See TITANIUM BACKUP.
TITANIUM BACKUP: A backup utility available in the Android Market that allows users to back up their applications, the saved data for the applications, and system settings.
UNBRICKABLE MOD: A hardware modification that removes a resistor and reconnects another resistor to the removed resistor's active pad, permanently allowing the Android device to reach a development board state. This allows reloading of bootloaders that have previously been corrupted or incorrectly installed, along with preventing the Android device from ever reaching a true "hard brick" state. Originally developed by Recognized Developer Adam Outler.
UNDERVOLTING: Setting the voltage levels drawn by the Android device to a lower level to reduce overall battery usage.
UV: Short for Undervolting. See UNDERVOLTING.
VOODOO LAGFIX: Converts /system, /cache, /dbdata and /data to Ext4 with optimized parameters for speed but also guaranteeing data integrity. Also configures the write behavior of Linux to prevent lag from happening, plus applies some memory management providing a better balance than stock settings.
VOODOO COLOR: A series of improvements to the visual elements of the Android OS. Enhances clarity, offers color adjustments, and other visual tweaks.
VOODOO SOUND: A series of improvements to the audio elements of the Android OS. Enhances audio clarity, allows for more powerful adjustment to overall sound levels, plus additional tweaks.
WCDMA: Short for Wideband Code Division Multiple Access. An air interface standard in 3G mobile communications networks that allows higher speeds and more users.
WIPE PACKAGE: A rom package that will format the portions of the Android device where the user's market apps are stored, in addition to any updates to the system folders. After a wipe package is installed, the user will have to restore apps from a backup or redownload them from the Android Market. See also NO-WIPE PACKAGE.
ZIPALIGNED: An archive alignment tool that provides important optimization to APK files. The purpose is to ensure that all uncompressed data starts with a particular alignment relative to the start of the file. Reduces RAM consumption.