WT19i လေးဝယ်လာပါတယ်။ .62 FW ကြီးနဲ့ bootloader လည်း unlock မလုပ်ချင်တာနဲ့ ICSထွက်တာစောင့်ပြီး ICS တင်လိုက်တာ အလောကြီးပြီး 4.0.4 ကိုတန်းတင်မိသွားတယ်။4.0.4 က root မှမရတာ။သတိလွတ်သွားတာ။အဲ့ဒါနဲ့  ဒီကောင်က 4.0.3 မထွက်လို့ 2.3.4 ရဲ့ .58 FW ကို ပြန်ဆင်းပြီး root လုပ်လိုက်ရတယ်။ပြီးမှ 4.0.4 ပြန်တက်လိုက်တယ်။
Requirements
Step 1
အရင်ဆုံး ဖုန်းက .62 ဖြစ်နေတဲ့အတွက် 2.3.4 ရဲ့ .58 ကို flash tool နဲ့ flash လုပ်ပါပြီး ပြန်ဆင်းပါမယ်။ .58 ftf ဖိုင်ကို C\flashtool\firmware ထဲကိုထည့်လိုက်ပါ။ပြီးရင် ပုံမှာပြထားတဲ့အတိုင်း flash လုပ်ပါ။(No final verification ကို အမှန်ခြစ်ပါ)

flash > flash mode ကိုရွေးပြီး ok နှိပ်ပါ။
စောနဒေါင်းထားတဲ့ .58 ftf ကို ရွေးပါ။
No final verification ကို အမှန်ခြစ်ပြီး ok နှိပ်ပါ။
ခဏနေရင် flash tool က ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဖို့ပြောပါလိမ့်မယ်။
ဖုန်းကို ပါဝါပိတ်ပါ။USB cable ကို ကွန်ပျူတာမှာ အရင်တပ်ပါ။ပြီးမှ ဖုန်းမှာ Vol down ကိုနှိပ်ထားပြီး ဖုန်းနဲ့ချိတ်ပါ။
flash လုပ်ပါလိမ့်မယ်။(ကျွန်တော်လုပ်တုန်းက ပထမဆုံးအကြိမ်မှာ no dirver ဆိုပြီးပြပါတယ်။ဒုတိယအကြိမ်လုပ်မှရပါတယ်)
အခု 2.3.4 ကို Root လုပ်ပါမယ်။
ဒီမှာဖတ်ပါ :P
http://mgmyothuhtet.blogspot.com/2012/07/new-method-to-easily-root-xperia-series.html
Step 2
အခု root လုပ်ပြီးရင် Xperia-ROOT.rev4 ကို extract လုပ်လိုက်ပါ။အထဲမှာပါတဲ့ 01-local-prop.cmd ကို run ပါ။ Enter နှိပ်ပါ။
Step 3
အခု flash tool နဲ့ 4.0.4 တင်ပါမယ်။စောန ဒေါင်းထားတဲ့ 4.0.4 ftf ကို C\flashtool\firmware folder ထဲထည့်ပါ။
flash tool ကိုဖွင့်ပါ။အပေါ်က အဆင့်တွေနဲ့အတူတူပါပဲ။မတူတာက wipe user data ကို အမှန်ခြစ်ဖြုတ်ထားရမှာပါပဲ။
ထုံးစံအတိုင်း no final verification ကို အမှန်ခြစ်ပြီး ok နှိပ်ပါ။
အခု 4.0.4 ကို ရောက်သွားပါပြီ။ဖုန်းမှာ USB debugging ကို အမှန်ခြစ်ပါ။
စောနက Xperia-ROOT.rev4 ထဲက 02-push-root-files.cmd ကို run ပါ။enter နှိပ်ပါ။
ဟုတ်ကဲ့ ICS လည်းတင်ပြီးပါပြီ။Root လည်းလုပ်ပြီးပါပြီ။
အခု CWM ကို install လုပ်ဖို့ SE Extreme Tweak Installer v1.8 ကို run ပါ။
CWM for Xperia NEO/....../Ray ကို ရွေးပြီး install လုပ်ပါ။
ဟုတ်ကဲ့ ပြီးပါပြီ :P
Credit to xda-developers
No comments:
Post a Comment